Thursday, December 27, 2012


၂၅.၁၂.၂၀၁၂ အင်္ဂါနေ့ က ကျွန်တော်တို့ ၂၀၀၃ ဘူမိဗေဒမှ သူငယ်ချင်းများ တွေ့ဆုံပွဲလေး တစ်ခု ပြုလုပ်ခဲ့ ကြပါတယ် အများစုမှာ မသိလိုက်ခြင်းကြေင့် (သို့မဟုတ်) မအားလပ်ခြင်းကြောင့် မလာဖြစ်ခဲ့ ကြပေမယ့် လူပေါင်း ၂၀ ကျော်လာရောက်ကြတဲ့ အတွက် မတွေဆုံရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းများ ပြန်ဆုံတွေ့ခွင်ရကြတာဟာ အင်မတန်မှ ၀မ်းသာစရာကောင်းပါတယ်
ပွဲဖြစ်မြောက်အောင် ၀ိုင်းစီစဉ်ခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ် နောက်ဆိုရင်လည်း ဒီလိုမျိုး သူငယ်ချင်းတွေတွေ့ဆုံတဲ့ ပွဲမျိုးလေးကို မကြာခနဆိုသလို လုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ လိုကျွန်တော်တော့ ထင်မှိ့တယ် အဲဒီနေ့က ကျွန်တော်တို့ သူငယ်ချင်းတွေ တွေ့ဆုံတဲ့ ပွဲလေးမှာ အင်မတန်မှ မွန်မြတ်လှတဲ့ အစီအစဉ်လေး လုပ်ဖြစ်ကြဖို့ကို တိုင်ပင်ဆွေးနွေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံးကိုလည်း လေးစားပါတယ် အဲဒါကတော့ ကျွန်တော်တို့တွေ ကျောင်းပြီးကတည်းတစ်ခါမှ ကျွန်တော်တို့ 2003 batch မှာ မလုပ်ဖြစ်ခဲ့တဲ့ ဆရာကတော့ ပွဲကို လုပ်ကြမယ်ဆိုတာပဲဖြစ်ပါတယ်     ဆရာကတော့ပွဲ လုပ်မယ့်နေကို သတ်မှတ်ခဲ့တာကတော့ ၂၀၁၃.၁၁ လပိုင်းလောက်မှာ လုပ်နိုင်ဖို့အတွက်  တိုင်ပင်ခဲ့ကြပါတယ်
၂၅ ရက်နေ့က လာတဲ့ သူတွေကိုတော့ ၂၀၁၃ . ၁ လပိုင်းကုန်  ကစပြီး တစ်လကို ၅၀၀၀ စီ ဆု ပြီး မတည်ငွေ အဖြစ်ထားရှိမှာပါ အခြားတက်နိုင်ကြသော သူငယ်ချင်းများ ကလည်း မတည်ငွေမှာ တစ်ခါတည်း လှူဒါန်းနိုင်ပြီး အ၀းရောက်သူငယ်ချင်းများ နှင့် အခြားအဆက်အသွယ် မရသောသူငယ်ချင်းများကိုလည်း တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပြောကြားပြီး ဆရာကတော့ပွဲကြီးဖြစ်မြောက်အောင် ၀ိုင်းဝန်း ကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်

No comments:

Post a Comment